SAC ralkap pawl tuzan Falam an lut kho men! March 18, nihin chun ah Parte khua le Vaar karlak ah Chin ralkap nih voi 2 an kah hna i SAC ralkap a thimi an um nain a zat theihfian khawh a si rih lo!
Atu hi Vaar in Falam lei an kai lio a si tiah kan theih!Crd.. TCP
Thawngpang dang Rel Chap>>>>>
ထီးလင်းတွင် စစ်ယာဉ်တန်း၏ ရှေ့ပြေး မိုင်းရှင်းအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်မှု စစ် သား ၄ ဦးပွဲချင်းပြီး သေဆုံး
မတ်လ ၁၅ နှင့် ၁၆ ရက်နေ့ ဆက်တိုက်မိုင်းဆွဲခံရ၍ စစ်သား ၄၀ ကျော်သေ ဆုံး ပြီးနောက် စစ်သားများ ကြောက် လန့်နေကြ
ရန်ကုန်၊ မတ် ၁၈
မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကား ၃၂ ယာဉ် တန်း ၏ ရှေ့ပြေး မိုင်းရှင်းအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်မှု ၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်း၏ဦးဆောင်သူ သခင် ဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ထီးလင်းမြို့နယ်၊ ဆေးမင်းတော ကျေးရွာ မြောက်ဘက်ရှိ အင်းနားလမ်းခွဲသို့ စစ်ကြောင်းထိုးလာသော ကား တန်း ရှေ့ ပြေးပွိုင့်မှ မိုင်းရှင်းလင်းရေး စစ်သားများကို အသင့်ပြင်ဆင် ထား သော မိုင်းကွင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးပွဲချင်းပြီးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများရှိကြောင်း သခင်ဇော်က ပြောသည်။
လက်ရှိတွင် ထီးလင်းမြို့နယ်အတွင်း ရောက်ရှိလာသည့် စစ်တပ်နှင့် စစ်ကြောင်း များ မှာ အလွန်ကြောက်ရွံ့နေပြီး အချင်းချင်းပင် စကားများ ရန်ဖြစ်နေကြ ကြောင်း၊ ရှေ့ဆက်မတိုးလိုဘဲ နောက်ကြောင်းပြန်လှည့်လိုကြကြောင်း သိရှိ ရသည်။
မိုင်းခွဲနိုင်ခဲ့တာက စစ်တပ် စစ်ကြောင်းရဲ့ မိုင်းရှင်းလင်းရေးအဖွဲ့ ကို ခွဲခဲ့တာ။ ယာဉ်တန်းလည်းပါတယ်။ စစ်ကား ၃၂ စီးရဲ့ ရှေ့ပွိုင့်ပါ။ အခုလည်း သူတို့ ထွက် လာကတည်းက တော်တော်များများ အင်အားတွေ လျော့လာပြီ။ တော်တော် ကို စိုးရိမ်တကြီးနဲ့ ထွက်နေရတဲ့အနေအထားရှိတယ်။ မတ်လ ၁၅ ရက်နေ့က မိုင်းခွဲဖြစ်စဉ်တွေမှာ မိုင်းကွင်းထဲမှာကို စစ်သားတွေ စကားများနေကြတာ။ တချို့ က ရှေ့ကို မတိုးချင်ကြဘူး။ သူတို့အချင်းချင်းတောင်မှ တော်တော်လေး ရှေ့မတိုးရဲတဲ့ အနေအထား ရောက်နေရပြီ။ ကြောက်လန့်နေကြတဲ့ အခြေအနေ ရောက်နေရပြီ။ ကျနော်တို့ ရှေ့လျှောက်ပြီးတော့ ပြည်သူတွေ အားတင်း ထား ကြပါ” ဟု ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်း၏ဦးဆောင်သူ သခင်ဇော်က ရှင်းလင်းပြောဆိုသည်။|
မတ်လလယ်မှစတင်၍ မကွေးတိုင်း၊ ပခုက္ကူမြို့မှ ယောဒေသနှင့်ချင်းပြည် နယ် ဘက်သို့ ဦးတည်လာသော အကြမ်း ဖက် စစ်ကြောင်း များကို ထီးလင်းမြို့ နယ် အတွင်း မတ်လ ၁၅ ရက်နေ့နှင့် မတ်လ ၁၆ ရက်နေ့တွင် ဆက်တိုက် မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မတ်လ ၁၅ ရက်၊ ၁၆ ရက်နေ့တို့တွင် မိုင်းဆွဲခံရမှုကြောင့် ထီးလင်းတွင် သေဆုံးသွားကြသည့် စစ်သားများ။