Falam Khuapi Alutmi Ralhrang hi HAKHA ah Lanhcolh Dawh An Si !!

Nizan ah Vaar in Falam lei apanhmi ralhrang rual cu Falam khuapi an lut dih cang tiah theih asi. Falam khuachung an lut dih cang i Hakha khuapi leiah hmai hoih than colh dawh an si. Aliamcia kum ah Motor 50 hrawng Hakha lei an rak kai ahcun Falam le Hakha kar ah azarh bak an rau. Hmai an nor khawh tilo caah Hakha ralhrang 266 nih Hakha leiin an bawmh hna. Vansan chimpit ah Hakha an ra lut. Tutan zong hi Hakha 266 nih Falam leiin arami ralhrang hi an rak bawm than te hna lai caah kahdohnak hi cuhlan nakin a fak deuh khomi asi. Cu caah kan pasaltha hna caah zumtu nih thlacam cio ko hna ut Sih.

Thawngpang dang rel chap rih>>>>>>>>>>>>

*Breaking News- စစ်ဘက်သုံးပစ္စည်းများ တင်ဆောင်လာသော ရုရှားကုန် တင်လေယာဉ် နေပြည်တော် လေတပ်ဆွယ် (အေလာ) ထဲသို့ ဝင်ရောက်ပြီး ကုန်ချ !!

Breaking News- စစ်ဘက်သုံးပစ္စည်းများ တင်ဆောင်လာသော ရုရှားကုန် တင်လေယာဉ် နေပြည်တော် လေတပ်ဆွယ် (အေလာ) ထဲသို့ ဝင်ရောက်ပြီး ကုန်ချ

■ မြန်မာပြည်အတွင်း ရုရှားကုန်တင်လေယာဉ် ဝင်ရောက်ချိန်တွင် ပျံသန်းသည့် ခရီးစဉ်လမ်းကြောင်း ဖျောက်ထားခဲ့

ရန်ကုန်၊ မတ် ၁၉

ရုရှားနိုင်ငံမှ စစ်ဘက်သုံးပစ္စည်းများ တင်ဆောင်လာသော ရုရှား ကုန်တင် လေ ယာဉ် RA 78765(IL76) သည် ယနေ့နံနက်ပိုင်း နေပြည် တော် လေတပ်ဆွယ် (အေလာ) ထဲသို့ ဆိုက်ရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို ချပေးနေ ကြောင်း နေပြည် တော်လေတပ်ဆွယ် (အေလာ)မှ သတင်းရင်းမြစ်က ပြောဆို သည်။
မတ်လ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် နေပြည်တော်သို့ ဆိုက်ရောက် လာ ခြင်း ဖြစ်ပြီး အဆိုပါ လေ ယာဉ် သည် မတ်လ ၁၆ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကို မှ စိန့်ပီတာစဘတ်သို့ လည်းကောင်း၊ မတ်လ ၁၈ ရက်နေ့ တွင် စိန့်ပီတာစဘတ်မှ နိုဗိုစီဗစ်သို့လည်းကောင်း၊ မတ်လ ၁၉ ရက်နေ့ နိုဗိုစီဗစ်မှ နေပြည်တော် သို့လည်းကောင်း ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ မြန်မာပြည် အတွင်း ရုရှားကုန်တင် လေယာဉ် ဝင်ချိန်တွင် လေယာဉ်ပျံသန်းသည့် ခရီးစဉ် လမ်းကြောင်းကို ကြည့်ရှုမရစေရန် ဖျောက်ထားခဲ့ကြောင်း သိရှိရသည်။

ရုရှား Aviacon Zitotrans လေကြောင်းလိုင်းပိုင် ကုန်တင် လေယာဉ် RA-78765 (IL76) သည် ခရီးစဥ်အမှတ် ZR1731(AZS1731) ဖြင့် ယနေ့ နံနက် ပိုင်း နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက် ရောက် ပြီးနောက် လေယာဉ်သွားလမ်း (Taxiway)မှ တစ်ဆင့် နေပြည်တော် လေတပ် ဆွယ်(အေလာ)အတွင်းသို့ ဝင်ရောက် စစ်ပစ္စည်းများ ချပေးနေခြင်းဖြစ်သည်ဟု သိရှိရသည်။

ရုရှားကုန်တင် လေယာဉ် RA-78765 (IL76) သည် နေပြည်တော်မှ ဘင်္ဂလား ဒေ့ရှ် သို့ ထွက်ခွာမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ရုရှားနိုင်ငံသို့ ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ ရုရှား နိုင်ငံ နှင့် စစ်ရေး ပူးပေါင်းမှုများကို ယခင်ထက် အလွန်တိုးမြှင့်ပြီး စစ်ကောင်စီ ကို အကာအကွယ်ပေးသည့် မိတ်ဖက်နိုင်ငံကြီးတစ်ခုအဖြစ်‌ အကြမ်းဖက် စစ်တပ် က အားကိုးအားထားပြုနေခြင်းဖြစ်ကြောင်း သိရှိရသည်။

error: Content is protected !!